
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာစာသင်ကျောင်းနားမှာ ဇူလိုင် ၇ ရက် ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပါတယ်။
ည ၇ နာရီ မိနစ် ၅၀ လောက်မှာ မူလတန်းလွန် စာသင်ကျောင်းရှေ့က တံတားအောက်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
" ကျောင်းက ပိတ်ထားတာ မဖွင့်ဘူး။ ပေါက်ကွဲတာက တံတားအောက်ဘက်မှာဖြစ်တာ အသံတော့ တော်တော်ကျယ်တယ်''လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ အရပ်ဝတ်နဲ့လာရောက်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
အေးမြသာရာ ရပ်ကွက်မှာ ပထမဆုံးဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဖားကန့်မြို့နယ်အတွင်း ဒီကနေ့ မနက်ပိုင်းက မော်လကင်းကျေးရွာနဲ့ ဆွတ်အောင်ကျေးရွာကြား စစ်ကောင်စီ တပ်သားတွေ မိုင်းဆွဲခံရတယ်။