
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တအုံရွာမှာ ဇူလိုင် ၆ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်က ဆိုင်ကယ်တစ်စီးက အနားကပ်ပြီး သေနတ်နဲ့ပတ်ခတ်တာကြောင့် ကြံ့ခိုင်ရေးပါတီဝင် ဦးတင်ထွန်း သေဆုံးသွားပါတယ်။
အသက် ၅၀ အရွယ် ဦးတင်ထွန်းဟာ ဝက်သဲကျေးရွာမှာနေထိုင်သူဖြစ်ပြီး သူ့ရဲ့သားနေထိုင်ရာ တအုံရွာကိုအလာမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံကပြောပါတယ်။
ဦးတင်ထွန်းဟာ စစ်ကောင်စီနဲ့ အဆက်အသွယ်ရှိသူဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်လို့လည်း ဒေသခံရွာသားတချို့က စွပ်စွဲတာခံနေရသူဖြစ်ပါတယ်။
တအုံရွာမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ လာရောက်ရန်ရှာမှာကို စိုးရိမ်ကြတဲ့အတွက် ရွာသားတွေဟာ ဘေးလွတ်ရာကိုရှောင်နေရတယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။