
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၂၄၇) ခြေလျင်တပ်ရင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင် စုစုပေါင်း ၁၃ ယောက်ရှိနေတယ်လို့ တပ်အသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“၂၄၇ တပ်ထဲမှာ အရာရှိ ၁ ဦး အခြားအဆင့် ၁၀ ဦး၊ မိသားစုဝင်ကျောင်းသား ၂ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိတယ်။ ရှမ်း/ မြောက် လားရှိုးဘက် စစ်ဆင်ရေးကနေပြန်လာတဲ့သူတွေဆီကနေ ရောဂါပိုးစကူးတာ”လို့ စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။
တပ်ရင်းအတွင်း ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်မှုတွေ တိုးမြင့်လာနေပေမဲ့ စာသင်ကျောင်းကတော့ ဆက်လက်ဖွင့်ထားဆဲဖြစ်တာကြောင့် တပ်မိသားစုဝင် ကျောင်းသူ ကျောင်းသားတွေမှာလည်း ရောဂါပိုးကူးစက်လာတာတွေ ရှိနေပါတယ်။
နမ့်စန်မြို့ပေါ်က စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံတဲ့ အတည်ပြုလူနာ စတွေနေပြီဖြစ်တာကြောင့် ဆရာ/ ဆရာတွေနဲ့ ကျောင်းသား မိဘတွေက ကျောင်းတွေပိတ်ထားဖို့ ဆန္ဒရှိနေကြပါတယ်။