Home
မြန်မာသတင်း
ပေါင်းတည်မြို့က ဒလန်အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
July 2, 2021
210998546_551005516067697_1984845397160731412_n

ပဲခူးတိုင်းအနောက်ပိုင်း ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်မှာ ဇူလိုင် ၂ ရက်  မနက် ၇ နာရီကျော်လောက်က အမျိုးသား တစ်ယောက်  ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွား ပါတယ်။

သေဆုံးသူမှာ အသက် ၄၈ နှစ်အရွယ် ဦးအောင်ဆန်းဝင်း ဆိုသူဖြစ်ပြီး တာပွန်လမ်းအတိုင်း ပေါင်းတည်မြို့ဘက်ကနေ ဆိုင်ကယ်နဲ့ပြန်လာစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ပစ်သတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးအောင်ဆန်းဝင်ေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒလန်တစ်ဦးဖြစ်ကြောင်းနဲ့ အခုဖြစ်စဉ်ကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်က သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024