Home
မြန်မာသတင်း
ဖမ်းဆီးခံရသူများကို မန္တလေးအိုးဘိုအကျဉ်းထောင်မှ ၃ ရက် ခွဲပြီးလွှတ်မည်
DVB
·
June 30, 2021
209933943_1486378145060277_833055456787815201_n
207565353_1412544609131355_8628887341127277445_n
201826317_1412544722464677_8324838180882470894_n
201471020_1412544682464681_5051009252007307887_n

=မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ လွှတ်မယ့် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံရသူတွေကို ၃ ရက်ခွဲပြီးလွှတ်မယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) မတရားဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်ရှေ့မှာ ဇွန် ၃၀ ရက်နေ့ မနက်ပိုင်းက စပြီး လူတော်တော်များများ လာရောက်စောင့်နေခဲ့ကြပါတယ်။

တရားလွှတ်တော်ရှေ့နေ တစ်ဦးက “ဒီနေ့တစ်ရက်တည်း အပြီးလွှတ်မှာ မဟုတ်ဘူး။ စုံစမ်းသိရသလောက်က သုံးရက်လောက် ခွဲလွှတ်မယ်ပြောတယ်။ ဒီနေ့ လွှတ်မယ့်သူတွေတောင် အခုထိ (ညနေ ၅ နာရီအထိ) မလွှတ်သေးဘူး။” လို့ ပြောပါတယ်။

ဒီကနေ့ ၁၇၀ ကျော် လွှတ်ဖို့ရှိနေပြီး မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ စုစုပေါင်း ၃၀၀ နီးပါး လွှတ်မယ်လို့ သိရပါတယ်။

လွှတ်မယ်သူတွေထဲမှာ NLD ပါတီဝင်တွေ၊ နိုင်ငံရေး ပုံရိပ်ရှိသူတွေ၊ CDM ဝန်ထမ်းတွေ မပါဘူးလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024