
မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်၊ အောင်ပန်းရွာမှာ ဇွန် ၂၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တစ်ယောက်အသတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောင်ပန်းကျေးရွာက စစ်ကောင်စီသတင်းပေးဒလန် တစ်ယောက်လည်းဖြစ်၊ ပျူစောထီး အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တဲ့ ဦးညွှန့်တင်ဟာ သေနတ်နဲ့ ၅ ချက်လောက် အပစ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတစ်ယောက်က DVB ကိုပြောပါတယ်။
ရွာထဲမှာ ည ၈ နာရီလောက်က သေနတ်သံ ၅ ချက်လောက်ကြားရပြီးတော့ ဦးညွှန့်တင် သေဆုံးနေတာကို တွေ့ရပြီး ဘယ်အဖွဲ့ကပစ်သွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဦးညွှန့်တင်ရဲ့ အလောင်းကိုတော့ အကြမ်းဖက်စစ်အုပ်စုက ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ရင်ခွဲစစ်ဆေးနေတယ်လို့သိရပါတယ်။