Home
မြန်မာသတင်း
မန္တလေးတွင် ပစ်ခတ်မှု ဖြစ်ပွား
DVB
·
June 22, 2021
201235241_1016542012484699_9117490442508664933_n

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း၊ ၁၁၁ လမ်း နဲ့ ၁၁၂ လမ်းဘက်မှာ ဇွန်လ ၂၂ ရက် မနက် ၈ နာရီလောက်က စပြီး ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ ကနဦး သိရပါတယ်။

ပစ်ခတ်မှု စတင်တုန်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး တရစပ်ပစ်ခတ်တာတွေ လုပ်ကြတယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတချို့က ပြောပါတယ်။

“ပစ်ခတ်တာတွေကတော့ ဆက်တိုက်ပဲ။ အပြန်အလှန်ပစ်တဲ့ပုံပဲ။ ဗုံးပေါက်တာတွေလည်း ကြားရတယ်။ ဘယ်ကနေ စဖြစ်တာလဲ မသိရသေးဘူး။ PDF နဲ့ ပစ်တာလို့လည်း ပြောနေကြတယ်။ အစက အရပ်ဝတ်တွေနဲ့တင် လာကြတာ မကြာဘူး။ စစ်ကားသုံးလေးစီးလည်း ရောက်လာတယ်” လို့ ပစ်ခတ်မှုဖြစ်တဲ့ အနီးအနားနေသူတစ်ဦးက ပြောပါတယ်။

မန္တလေး PDF အနေနဲ့ ဒီနေ့စတင်တိုက်ပါပြီ ဆိုပြီးတော့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

အပြန်အလှန်ပစ်ခတ်တဲ့ အခြေအနေကြောင့် ထိခိုက်မှုတွေ ရှိပေမယ့် ဒီဗွီဘီက အတည်ပြု နိုင်တာတော့ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024