မန်းရေနံမြေ CDM သူရဲကောင်း ၃၈၈ ဦးအား ငွေကျပ် ၁၅၆ သိန်း ထောက်ပံ့

အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) မှာပါဝင်နေကြတဲ့ မန်းရေနံမြေ CDM သူရဲကောင်း ၃၈၈ ယောက်ကို 21 Savage Myanmar အဖွဲ့က ငွေကျပ် ၁၅၆ သိန်း  ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ ကမ်းလက်တွေကြောင့် 21 Savage Myanmar အနေနဲ့ CDM သူရဲ ကောင်းတွေကို ဆက်လက် ထောက်ပံ့နိုင်ခဲ့တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း အရှိန်မ လျော့ဘဲ ထောက်ပံ့ကူညီကြဖို့လည်း တိုက်တွန်းထားပါတယ်။

CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီဖို့ ဝိုင်းကြီးချုပ် မိတ်ဖက်အဖွဲ့ အစည်းတွေ အနေနဲ့ 21 Savage MM ၊ CDM Doctor Network ၊ GO FUND ME ၊ ၂ /၂၀၂၁ ခိုင်မြဲသောလက်များ ၊ Funding 4 #CDM ၊ For Our People ၊ Myanmar Resistance ၊ We Support Heroes ၊ Padamyar Group ၊ GWSM - Get Well Soon Myanmar Platform ၊ ပီတိ - PiTi ၊ Together We Win ၊ Connect 21 ၊ We Pledge CDM ၊ CDM Call Center ၊ Iris for Wisdom, Hope, Trust, Valor ၊ CDM Medium ၊ ရုန်းထွက်စို့ ၊ ထိုးမုန့်လူငယ်များအဖွဲ့စတဲ့ အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မတရားစစ်အာဏာသိမ်းထားတဲ့ အပေါ် ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၄ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိတိုင် အားကောင်းကောင်းနဲ့ ပြည်သူတွေက ဆန့်ကျင်တော် လှန်နေကြဆဲ ဖြစ်ပါတယ်။

အာဏာရှင် စစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်လိုကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေဟာလည်း အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ CDM လှုပ်ရှားမှု တွေမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up