မြင်းခြံ ကညနရုံးဗုံးပေါက်
DVB
·
June 19, 2021

မန္တလေးတိုင်း၊ မြင်းခြံမှာ ဇွန် ၁၈ ရက် ည ၁၀ နာရီလောက်က ကညနရုံးနဲ့ တခြား တနေရာမှာ ဗုံးတစ်လုံးစီပေါက်ကွဲခဲ့ပြီး ပြောပါတယ်။
“မနက်က မော်တော်ပီကယ် ပစ်သတ်ခံရတယ်။ ညမှာ ကညနရုံး ဗုံးကွဲတယ်။ မနေ့က တညလုံးလည်း စစ်ကောင်စီက မြို့ထဲလှည့်ပတ်ပြီး သေနတ်ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုမှာ လူထိခိုက်မှု ရှိတဲ့ သတင်းတွေကတော့ မသိရသေးပါဘူး။