Home
မြန်မာသတင်း
လှိုင်သာယာ City Mart အနီး ဗုံးပေါက်ကွဲမှုများဖြစ်ပွား၊ ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရ
DVB
·
June 18, 2021
199382874_296625702246918_3060286715669531980_n
199382874_296625702246918_3060286715669531980_n

ရန်ကုန်၊ လှိုင်သာယာမြို့နယ် City Mart  နားမှာ ဇွန် ၁၈ ရက် နေ့လယ်ပိုင်းက ဗုံးတွေ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့  မြို့ခံတွေက ပြောပါတယ်။

City Mart အနီးမှာ နေ့လယ်  ၂ နာရီ ၃၅ မိနစ်လောက်က တစ်ကြိမ်၊ ၂ နာရီ ၅၀ လောက်က တစ်ကြိမ်၊ ၂ နာရီ ၅၃ မိနစ်လောက်က  တစ်ကြိမ်  စုစုပေါင်း ၃ ကြိမ်ဗုံးထပ်ဆင့်ပေါက်ကွဲခဲ့ဖြစ်ပြီး ဗုံးပေါက်ကွဲချိန်တွေဟာ အချိန်မကွာဘူးလို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ညနေပိုင်းမှာလည်း ပေါက်ကွဲမှုတွေ ထပ်မံဖြစ်ပွားနေပြီး ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ထိခိုက်မှု အခြေအနေတော့ မသိရသေးပါဘူး။

လှိုင်သာယာမြို့နယ် အမှတ် (၁၉)ရပ်ကွက် ရာအိမ်မှူးတစ်ဦးဖြစ်တဲ့  ဦးမောင်ထွန်ဟာလည်း ဒီမနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီးလူကိုတော့ ထိခိုက်တာ  မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024