မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦး ဇွန် ၁၈ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်ခံလိုက်ရပါတယ်။
အသက် ၇၆ နှစ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဟာ မြေးဖြစ်သူနဲ့အတူဆိုင်ကယ်စီးလာချိန် နောက်ကနေ သေနတ်နဲ့ ၂ ချက်ပစ်ခဲ့ရာမှာ ကျည်ဆန် တစ်ချက်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးကျော်စိန်ရဲ့ ယာဘက်နောက်ကျောမှာ သေနတ် ဒဏ်ရာရရှိသွားပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ပစ်သွားတဲ့နေရာကို စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ သွားရောက်စစ်ဆေးခဲ့ပြီး 9mm Lugar အမှတ်အသားပါ အသုံးမပြုရသေးတဲ့ ကျည် ၂ တောင့်နဲ့ အသုံးပြုပြီး ကျည်ခွံ ၁ ခုတို့ကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။