
ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ ဇွန်လ ၁၆ ရက် မနက်ပိုင်းက အမှတ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။
အမှတ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦးကို ပင်လုံစျေးမှတ်တိုင်အနီးမှာ မနက် ၉ နာရီ ၄ဝ လောက်က သေနတ်နဲ့ ကပ်ပစ်သွားတာလို့ မျက်မြင်တွေ့သူတစ်ချို့က ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးဟာ အခင်းဖြစ်နေရာ လမ်းမပေါ်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
သေနတ်ပစ်ခတ်မှုအပြီး ခဏအကြာမှာ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး လမ်းသွားလမ်းလာတွေနဲ့ ပတ်ဝန်းကျင်ကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
လမ်းမတော်မြို့နယ်မှာလည်း မေလ ၁၈ ရက်နေ့က အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး လမ်းမပေါ် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
Photo - CJ