
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ မြောက်ကုန်းရပ် အ.လ.က ကျောင်းမှာ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး စာသင်ဆောင် အမိုးတချို့ ပျက်စီးသွားပါတယ်။
“ပေါက်ကွဲတဲ့အသံက အတော်ကျယ်ပြီး စာသင်ကျောင်းအမိုးတချို့ ပျက်စီးခဲ့ပြီးတော့ ဘေးပတ်ဝန်းကျင်က အိမ်တွေက မှန်တချို့ အက်ကွဲခဲ့တယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် ဂန့်ဂေါ-ကလေး ကားလမ်းပေါ်က ကျေးရွာတွေကို စစ်တပ်က ဝင်မွှေပြီး ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ယူဆောင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။