မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒတ်ချောင်းကျေးရွာမှာ ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားပါတယ်။
အပန်းဖြေစခန်းရှိတဲ့ ကဒတ်ချောင်းကျေးရွာက အရက်ဘီယာဆိုင်မှာ ရဲတပ်ဖွဲ့ဝင်နဲ့ သူ့အပေါင်းအသင်းတွေ ဆိုင်ထိုင် စားသောက်နေစဉ် အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ် ၂ စီးနဲ့ လာရောက် ပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ရဲတပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၃ ဦး ဒဏ်ရာရရှိလို့ ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ် ကဒတ်ချောင်းကျေးရွာအနီးမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့တွေ လုံခြုံရေးယူပြီးနောက် ခုလို ပစ်ခတ်မှုတွေဖြစ်ပွားတော ဖြစ်ပါတယ်။