အစ္စရေးဝန်ကြီးချုပ်သစ်ဘန်းနက် အစိုးရအဖွဲ့ပထမဆုံးအစည်းအဝေးခေါ်ယူ ကျင်းပ

photo-Reutres

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ စံချိန်တင် ၁၂ နှစ်ကြာ သက်တမ်း ဇွန်လ ၁၃ ရက်မှာ အဆုံးသတ်သွားပြီး အမျိုးသားရေးဝါဒီ နက်ဖ်တာလီ ဘန်းနက်ဦးဆောင်တဲ့ အစိုးရသစ်ကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဝန်ကြီးချုပ်အသစ် ဘန်းနက်ဟာ လွှတ်တော်မှာ ၆၀-၅၉ မဲနဲ့ အနိုင်ရအပြီး ပထမဆုံး အစိုးရအဖွဲ့ အစည်းအဝေးကို ခေါ်ယူ ကျင်းပရင်း အစ္စရေးပြည်သူတွေကြားက စိတ်ဝမ်းကွဲမှုကို ကုစားမယ်လို့ ကတိပြုပါတယ်။

“ကျနော်တို့ နှစ်သစ်ရဲ့ အစကို ရောက်ပြီ။ ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့ အခက်အခဲ ဆိုတာ ချဲ့ကားပြောတဲ့ စကားလုံး မဟုတ်ပါဘူး။ ကာလကြာရှည် တုံ့ဆိုင်းမှုတွေ ပဋိပက္ခတွေအပြီးမှာ ပုံမှန်လည်ပတ်နေတဲ့ လမ်းကြောင်းပေါ် တိုင်းပြည်ကို ချက်ချင်းဆွဲတင်ဖို့ တာဝန်ကို အတူဆောင်ရွက် သွားကြမယ်”လို့ ဘန်းနက်က ပြောပါတယ်။

ဘန်းနက်က ကျမ်းသစ္စာ မကျိန်ဆိုခင်မှာ ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း နေတန်ယာဟုက တော့ ကျနော်တို့သာ အတိုက်အခံ လုပ်မယ်ဆိုရင်လည်း ထိပ်ရောက်တဲ့အထိ ခေါင်းမော့ပြီး ခုလိုပဲ လုပ်မှာပဲလို့ ပြောပါတယ်။

မတ် ၂၃ ရက် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့သစ်ဟာ ပါလက်စတိုင်း လူမျိုးတွေနဲ့ ပတ်သက်တဲ့ မူဝါဒလိုမျိုး နိုင်ငံတကာရေးရာကိစ္စတွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ဖို့နဲ့ ပြည်တွင်း ပြုပြင်ပြောင်းလဲရေးကို အာရုံစိုက်ဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up