Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း CDM ကျန်းမာရေးဝန်ထမ်းများကို ဝန်ထမ်းအိမ်ရာမှ ဖယ်ရှား
DVB
·
June 14, 2021
199328200_941039433345162_8620606206287653691_n

ဧရာဝတီတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အာဏာဖီဆန်  CDM လုပ်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ဇွန်လ ၁၂ ရက်နေ့မှာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားပေးဖို့ အကြမ်းဖက်စစ်တပ်က ဖိအား​ပေးနေတယ်လို့  CDM ဝန်ထမ်းတွေထံက သိရပါတယ်။

“တိုင်းကျန်းမာရေးဦးစီးမှူး လက်မှတ်နဲ့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို ချက်ချင်းဖယ်ပေး ခိုင်းတာ၊ ဝန်ထမ်းအိမ်ရာမှာနေတဲ့ CDM ဝန်ထမ်းတွေအကုန် ပြောင်းပေးလိုက်ရတယ်”လို့ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တိုင်းအတွင်း မြို့နယ်၊ ခရိုင်ဆေးရုံဝင်းတွေ အတွင်း နေထိုင်နေတဲ့ CDM ဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ရှားနေခိုင်း​နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024