စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှာ ဇွန် ၁၃ ရက်က အုပ်ချုပ်ရေးမှူးရဲ့ သမီး ၂ ယောက် ဓားခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
“ညနေပိုင်း ၆ နာရီလောက်ဖြစ်တယ်။ သူတို့က နွားကျောင်းသွားတာ။ အပြန်မှာ လူ ၂ ယောက်က ဓားနဲ့ဝင်ခုတ်သွားတယ်။ တစ်ခါတည်း သေဆုံးတယ်”လို့ ဒေသခံက ဆိုပါတယ်။
သေဆုံးသူ ညီအမနှစ်ယောက်အနက် တစ်ယောက်က ကျောင်းဆရာမ ဖြစ်ပြီး အခင်းဖြစ်ပွားပြီး မကြာခင် စစ်သားနဲ့ရဲတွေ ရောက်လာကာ အလောင်းတွေကို သယ်သွားတယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ် အင်ပင်အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုဖြစ်သူဟာလည်း မနေ့ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်