Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာ သပိတ်ခေါင်းဆောင်အပါအဝင် ၃ ဦး ဖမ်းဆီးခံရ
DVB
·
June 10, 2021
197261236_1147225095753875_1157534414523313977_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာမှာ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ကျေးရွာသပိတ်ခေါင်းဆောင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၊ ကိုယ်ပိုင်ကျောင်းအုပ်တစ်ဦးနဲ့ လူငယ်တစ်ဦးတို့ကို အကြမ်းဖက်စစ်တပ်က  သေနတ်ပစ်ဖောက်  ဝင်ရောက်ဖမ်းဆီးသွားပါတယ်။

“သပိတ်ခေါင်းဆောင်လည်းဖြစ်  အရင်အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်တဲ့ ဦးဟန်ထွန်းရယ်၊ ကိုင်ပိုင်ကျောင်းကျောင်းအုပ်  ဦးမြင့်ဇော်ရယ်၊ လူငယ်တစ်ဦးရယ် သုံးဦးဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိသေးဘူး။ သေနတ်ပစ်ပြီး ရွာသားတွေကိုခြောက်လှန့်ပြီး လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူတို့ကို ဖမ်းသွားတာ” လို့ ရွှေပန်းကုန်းရွာသားတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်မှာအခုလို သေနတ်ပစ်ဖောက် ဖမ်းဆီးတာဟာ ပထမဆုံးဖြစ်ပြီး အရင်က ဆန္ဒပြ ပြည်သူတွေကိုဖမ်းဆီးပြီး ပြန်လည်လွှတ်ပေးတာရှိခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024