မကွေးမြို့နယ်၊ နွားကူးရွာနေ လူငယ်တစ်ယောက်ကို ဇွန်လ ၉ ရက် ညက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီး သွားပါတယ်။
မနေ့ည ၁၁ နာရီကျော်မှာ စစ်တပ်က ပညာရေးကောလိပ်နဲ့ နွာကူးရွာအနောက်ဘက်က လူနေအိမ် ၃ လုံးကို ရိုက်ချိုးဝင်ရောက်ဖျက်ဆီးပြီး အမျိုးသားတစ်ယောက်ကို သေလုမျောပါးရိုက်နှက်ထားခဲ့သလို နောက်ထပ်နေအိမ်သုံးလုံးကိုလည်း ဖျက်ဆီးဝင်ရောက်ကာ လူငယ်တစ်ယောက်ကို ရိုက်နှက်ဖမ်းဆီး ဂစ်တာတစ်လက်ကိုပါ ယူသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မကွေးမြို့ အောင်စေတနာရပ်ကွက်မှာလည်း မနေ့ ည ၁၀ နာရီကျော်လောက်က ရဲနဲ့ စစ်သား အင်အား ၆၀ လောက်ဟာ ကား ၂ စီးနဲ့ရောက်လာပြီး ဆိုင်ကယ်စီးလာတဲ့လူငယ်တွေကို သေနတ် ၆ ချက်လောက်ပစ်ဖောက် လိုက်လံဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ညကလည်း အထက ၂ ရှေ့မှာ တက္ကသိုလ်ကျောင်းသား လူငယ် ၆ ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားပါတယ်။