Home
မြန်မာသတင်း
ညမထွက်ရအချိန် နောင်ချို မြို့မဈေးကြီး မီးလောင်
DVB
·
June 8, 2021
196297027_3967409453307343_2992029711836230878_n
195448368_3967409759973979_1365290549319055269_n
195314750_3967409386640683_303148786492474365_n
194781358_3967409733307315_4988288255972696766_n
193737919_3967409659973989_5047604146946050560_n
192682832_3967409833307305_3328329961136734468_n
192637732_3967409749973980_1492461898440849063_n
190921279_3967409443307344_2529541811455355433_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊  နောင်ချိုမြို့ရှိ  မြို့မဈေးကြီးမှာ  ဇွန်လ ၈ ရက် မနက် ၁ နာရီခွဲလောက်က ညမထွက်ရ မာရှယ်လောထုတ်ထားတဲ့အချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဈေးတောင်ဘက် အဝင်ပေါက်ရဲ့ အနောက်ဘက်ခြမ်းဆိုင်ကနေ မီးစတင်လောင်ကျွမ်းတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ 

"မနက် ၁ နာရီခွဲ ၀န်းကျင်မှာ မာရှယ်လောထုတ်ထားတဲ့အချိန်ကြီးမှာ စလောင်တာပဲ။ မနက် ၃ နာရီကျော်မှာ မီးညွန့် ကျိုးသွား။ မာရှယ်လောချိန်ဆိုတော့ လမ်းပေါ်မှာ စစ်သားနဲ့ရဲပဲရှိနေတဲ့ အချိန်ကြီး" လို့ ပြောပါတယ်။

အခုလို ဈေးမီးလောင်တာဟာ မတော်တဆမဟုတ်ဘဲ  ရည်ရွယ်ချက်ရှိ ရှို့တဲ့ပုံစံဖြစ်နေပြီး အခုလို လုပ်တာဟာ ပြည်သူတွေဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလို့လည်း အမည်မဖော်လိုတဲ့ နောင်ချိုမြို့က လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

"ပြည်သူတွေက ပြည်သူတွေ အချင်းချင်းနစ်နာအောင်လုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ မြို့သူမြို့သားတွေက အဲလောက်ဘယ်သူ ယုတ်မညံ့ဘူး၊ ဟိုရက်က လားရှိုးဈေးကြီး မီးရှို့မယ်လို့ ကြားနေကတည်း ဈေးသူဈေးသားတွေက စိုးရိမ်နေကြတာ။ ခုလောင်တာလည်း မာရှယ်လော ထုတ်ထားတဲ့အချိန်ကြီး ဆိုတော့ ဘယ်ပြည်သူတွေကမှ မထွက်ဘူး"။ 

ဈေးမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၃ စီးနဲ့  ပြည်သူတွေ ပူးပေါင်း ဝိုင်းဝန်း မီးငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ မီးလောင်မှုကြာချိန် တနာခွဲလောက် လောင်ကျွမ်းခဲ့တာကြောင့် ဆုံးရှုံးမှုများနိုင်တယ်လို့ မြို့ခံတဦးက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကလည်း လားရှိုးမြို့မှာ မြို့မဈေး မီးရှို့မယ်ဆိုတဲ့သတင်းကြောင့် ဆိုင်ပိုင်ရှင်တွေ ပစ္စည်းတွေအိမ်ပြန်သယ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

မြန်မာပြည်တွင်း ဒေသတချို့မှာလည်း ညမထွက်အမိန့်ထုတ်ထားလို့ ပြည်သူတွေ အပြင်မထွက်ဘဲ စစ်တပ်၊ ရဲနဲ့  ပျူစောထီးအဖွဲ့တွေ၊  စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့  သူလျှိုဒလန်တွေသာ ညဘက်အပြင်ထွက်နေချိန် အများပြည်သူပိုင် ဈေးတွေ ကျောင်းတွေမှာ  မီးလောင်ကျွမ်းမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024