ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရော်ဒေသ) ခလယ်တံခွန်တိုင်ကျေးရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက် ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ စစ်တပ်နဲ့ BGF တပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်ဟာ ကားအစီး ၂၀ နဲ့အတူ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အကြမ်းဖက်တပ်ဖွဲ့တွေဟာ BGF တပ်ဖွဲ့တံဆိပ်ပါတဲ့ ကားတွေအပြင် အိမ်စီးကားတွေနဲ့ ဒီကနေ့ ညနေ ၄ နာရီလောက်ကစပြီး ကျေးရွာတွေကို လှည်ပတ်သွားလာနေတယ်လို့ မျက်မြင်တွေရှိသူ ဒေသခံတစ်ဦးက ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ကစတင်ပြီး စစ်ရေးတင်းမာမှုတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံ ၂၀၀၀၀ ကျော် ရှိပါတယ်။