Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီးဒေသက ပြည်သူများ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ဆန္ဒပြ
DVB
·
June 4, 2021
194816188_2757272054495353_859765481190808695_n
193814860_2757271751162050_1882197586361942060_n
191924643_2757271904495368_5493716363955003794_n
189206203_2757272244495334_8166174693688383292_n
187972120_2757271837828708_6564650559012525552_n

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်​နေပြည်သူ​တွေရဲ့ စု​ပေါင်းသပိတ်ကို ဇွန်လ ၄ ရက်​နေ့က မုံရွာပင်မသပိတ်က ​ကျောင်းသားသမဂ္ဂအဖွဲ့ဝင်​တွေ လာ​ရောက်ပူး​ပေါင်း ဝန်းရံပြီး လူအင်းအား ထောင်ချီနဲ့ ဆန္ဒပြခဲ့ကြ ပါတယ်။

ဆန္ဒပြပွဲကို ဝန်းရံပူး​ပေါင်းလာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ​ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် မုံရွာတက္ကသိုလ်​ကျောင်းမှ အလုပ်မှု​ဆောင် ​မဖြူဖြူဝင်း​က"ဒီစစ်အာဏာရှင်​တော်လှန်​ရေးမှာ ဘာမှမပါဝင်ပဲ ​ကြောက်​နေတဲ့သူ​တွေရှိပြီး တုံ့ပြန်ရင် ​သေသွားမှာ​ပေါ့လို့ ​ပြော​နေတဲ့သူ​တွေကို ငုံ့ခံ​နေရင်​ကော ရှင်မှာ ​သေချာလား မေးချင်တယ်လို့ ​ပြောပါတယ်။ ဒါ့အပြင် အခွင့်အ​ရေး တစ်ခုကိုလိုချင်ရင် အဲဒီအခွင့်အ​ရေးနဲ့ထိုက်တန်တဲ့​ ပေးဆပ်မှု​တွေရှိရမှာဖြစ်လို့ ဒီမိုက​ရေစီရချင်ရင်လည်း ရချင်ပါတယ်လို့ ထိုင်​အော်​နေလို့မရနိုင်သလို ​ရင်းသင့်တာကို ​ရင်းရမယ်” လို့ ပြောသွားပါတယ်။

ဒီ​နေ့ပြုလုပ်တဲ့ စစ်အာဏာရှင်တော်လှန်​​ရေးသပိတ်မှာ တောင်တန်း​နှင့်ပြည်မ ​သွေးမကွဲပဲ စည်းလုံးကြမယ် စာသားတွေနဲ့အတူ စစ်​ဘေးသင့်ပြည်သူ​တွေကို ဂုဏ်ပြုအား​ပေးထားတဲ့ ဆိုင်းပုဒ်တွေကိုင်​ဆောင်ကာ  ဆန္ဒ​ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024