
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ ဇွန်လ ၃ ရက် ညနေပိုင်းက ဗမာအေး ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
မင်းနန္ဒာလမ်းထောင့်နဲ့ ရွှေဖူးမျှော်လမ်းထောင့်နား ညနေ ၆ နာရီ ၄၀ မိနစ်လောက်က ကားရပ်ဖို့ လုပ်နေချိန် အနားကိုလာပြီး သေနတ်နဲ့ ၃ ချက်တေ့ပစ်သွားတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
သေနတ်နဲ့ အနီးကပ်ပစ်တာခံခဲ့ရတဲ့ ဗမာအေးရပ်ကွက်အုပ်ချုပ်ရေးမှူးက အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေနတ်ပစ်ခတ်မှုအပြီး မိနစ်ပိုင်းအကြာမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး လမ်းပိတ်ကာ စစ်ဆေးနေပါတယ်။