မြန်မာဘောလုံးသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲတွေ့

မ္ဘာ့ဖလားခြေစစ်ပွဲစဉ်အနေနဲ့  မေလ ၂၈ ရက် ဒီကနေ့ညနေပိုင်းက ဂျပန်နိုင်ငံမှာ  ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဂျပန်အသင်းနဲ့ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် အသင်းက ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲတွေ့ခဲ့ပါတယ်။

ဒီရလဒ်ဟာ  မြန်မာဘောလုံးအသင်း သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲအဖြစ်စံချိန် တင်သွားခဲ့ပါတယ်။

မြန်မာအသင်းဟာ အရင်က ဂိုးအပြတ်ဆုံးရှုံးပွဲ အနေနဲ့ ကူဝိတ်အသင်းကို ၉ ဂိုး ဂိုးမရှိနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာက ဂိုးအပြတ်ဆုံးရှုံးပွဲ ဖြစ်ခဲ့ဖူးတာပါ။

မြန်မာအသင်းဟာ ဒီကနေ့ပွဲမှာ ဂိုးပေါက်ကန်သွင်းချက် တစ်ကြိမ်သာရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၂၈ ရှိတဲ့ ဂျပန်အသင်းကို အဘက်ဘက်က  မယှဉ်နိုင်ဘဲရှုံးပွဲတွေ့ခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ လက်ကျန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်တွေ အနေနဲ့ ဇွန်လ ၁၁ ရက်မှာ တာဂျစ်ကစ္စတန်၊ ဇွန်လ ၁၅ ရက်မှာ ကာဂျစ္စတန် အသင်းတွေနဲ့ ဂျပန်နိုင်ငံမှာဘဲ  ဆက်ပြီးယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ပွဲမစတင်မီ မြန်မာဘောလုံးအသင်းသား တစ်ဦးက လက်သုံးချောင်း သင်္ကတနဲ့ ဆန္ဒထုတ်ဖော်ခဲ့သလို ဂျပန်ရောက် မြန်မာပရိသတ်တွေကလည်း ပွဲမစတင်ကတည်းက ကွင်းပြင်မှာ  မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို လာရောက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတော်သီချင်းသီဆိုနေချိန် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းသားကတော့ အရန်ဂိုးသမားဖြစ်တဲ့ ရတနာပုံအက်ဖ်စီကလပ်အသင်းက ပြည့်လျှံအောင်ဖြစ်ပါတယ်။

Photos-MFF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up