Home
မြန်မာသတင်း
လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်အား ဆက်လက်ဆန္ဒပြ
DVB
·
May 28, 2021
191207707_1617567215240874_1534641132842248005_n
191115765_1617567008574228_6908076088393482982_n
190676493_1617567155240880_5942228166891695336_n
187502856_1617567125240883_4709404910216158545_n
186553339_1617567181907544_5994556185147761118_n
186507976_1617567038574225_4907140550899448378_n
186496806_1617567098574219_2595526051825286060_n

ဖက်စစ်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ‌ဗိုလ်မှူးကြီးဗထူး ‌မွေးဖွားရာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်‌နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတော့ လောင်းလုံးမြို့နယ် ညင်းမော်၊ ကဒက်ကြီး၊ မောင်းမကန်၊ တောင်မင်းပြောင်နဲ့မကျွန်းမော် ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူတွေကတော့ စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ပြည်သူတစ်ရပ်လုံး တော်လှန်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို လက်မခံကြောင်း နေ့ရောညပါ သပိတ်မျိုးစုံပြုလုပ်ပြီး ရက်ဆက် တော်လှန်နေကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024