ကချင်ပြည်နယ် ရွှေကူမြို့မှာ မေ ၁၄ ရက်နေ့ည ၉ နာရီဝန်းကျင်က လောင်းကစားဝိုင်းတခုကို အမည်မသိအဖွဲ့တစ်ဖွဲ့က မိုင်းခွဲခဲ့တယ်လို့ သိရပါတယ်။
မိုင်းခွဲခံရမှုကြောင့် ထိခိုက်ဒါဏ်ရာရသူမရှိပဲ အားလုံးဝရုန်းသုန်းကား ထွက်ပြေးကြတယ်လို့ သိရပါတယ်။
အဆိုပါလောင်းကစားဝိုင်း မိုင်းခွဲမခံရခင် မိနစ်ပိုင်းအလိုမှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲစခန်းဘက်မှ သေနက်သံအချက်ပေါင်းများစွာကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူမြို့မှာ အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ အလောင်းကစားဝိုင်းတွေဟာ မန္တလေး၊ ရွှေကူ၊ ဗန်းမော် ဗျူ ဟာလမ်းမကြီးဘေးအထိ ရောက်ရှိလာပြီး နောက်လူတန်းစားမျိုးစုံ သွားရောက်ကစားကြတာတွေရှိပြီး ဖုန်း၊ ဆိုင်ကယ် စတဲ့တန်ဖိုးကြီးပစ္စည်းတွေ အခိုးခံရတာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
ရွှေကူမြို့မှာ လောင်းကစားဝိုင်းအနည်းဆုံး ၂ နေရာလောက်ပြုလုပ်နေကြပြီး လေးကောင်ဂျင်ဝိုင်း၊ ၆ ကောင်ဒုံးဂလုံးဝိုင်း၊ ကြက်ဝိုင်း စတဲ့လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။