Home
မြန်မာသတင်း
ယနေ့ မန္တလေးမြို့တွင် အနည်းဆုံး ၁၀ နေရာ ဗုံးကွဲ
DVB
·
May 14, 2021
186496709_1379749409077542_23924679908778012_n
185558271_1379749262410890_6521741360990714473_n
185625672_1379749295744220_6336197908027778020_n

မန္တလေးမြို့မှာ မေ ၁၄ ရက် ၇ နာရီကျော်ဝန်းကျင်က အဓိက ကျတဲ့ လမ်းမကြီးတွေအပါအဝင် အနည်းဆုံး ၁၀ နေရာလောက်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

၃၅ လမ်းမှာဆိုရင် ၆၉ လမ်းနဲ့ ၇၀ ကြား၊ ၆၃ လမ်း၊ ၈၂ လမ်း တို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ၊ ၂၆ လမ်း မှာဆိုရင် ၆၄ လမ်း၊ ၅၈ လမ်း တို့မှာ ဖြစ်ခဲ့ပါတယ်။

လမ်း ၃၀ မှာ ဆိုရင် ၇၁ လမ်း၊ ၆၂ လမ်း တို့မှာ ပေါက်ကွဲခဲ့ပြီး ၁၉ လမ်း နဲ့ ၆၆ လမ်း၊ ၃၂ လမ်း နဲ့ ၇၆ လမ်းတို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးမြို့ မြောက်ပြင်ရပ်နဲ့ မြို့သစ်ဘက်မှာလည်း ပေါက်ကွဲမှုတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီလိုပေါက်ကွဲတာတွေဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပဲ ပျက်စီးဆုံးရှုံးတာ အနည်းငယ်တော့ ရှိခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ် ၃၅လမ်းနဲ့ ၇၀လမ်း ထောင့်ရှိ In House အိမ်တွင်းအလှဆင်ပစ္စည်းဆိုင်အနီးမှာ ဗုံးတစ်လုံး ဆက်လက် ပေါက်ကွဲမှုမှာတော့ ဆိုင်ကမှန်တွေ ကွဲပြီးပျက်စီးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024