Home
မြန်မာသတင်း
မန္တလေးမြို့ ၃၅ လမ်းမကြီးပေါ်တွင် ဗုံး ၂ လုံးပေါက်ကွဲ
DVB
·
May 14, 2021
186450551_2981907308732975_113952259359313536_n
186122813_2981907408732965_5985505309187239474_n
185752232_2981907348732971_3426569084634663550_n
186923581_2981907572066282_7512768879357026009_n
186479540_2981907458732960_597274076738757717_n
186464240_2981907255399647_4836145551730370063_n

မန္တလေးမြို့ (၃၅)လမ်းမကြီးပေါ်မှာ မေ ၁၄ ရက် ဒီနေ့ ညပိုင်းက လက်လုပ် ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ 

ဒီကနေ့  ည ၇ နာရီလောက်က  ၃၅လမ်း၊ ၇၂လမ်းနဲ့ ၇၃လမ်းကြားရှိ လမ်းလယ်ကျွန်း ပန်းခုံတစ်ခုမှာ ပထမဗုံးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် မဟာအောင်မြေမြို့နယ် ၃၅လမ်းနဲ့ ၇၀လမ်း ထောင့်ရှိ In House အိမ်တွင်းအလှဆင်ပစ္စည်းဆိုင်အနီးမှာ ဗုံးတစ်လုံး ဆက်လက် ပေါက်ကွဲခဲ့တာပါ။

ဒီဗုံးပေါက်ကွဲမှုကြောင့် အနီးရှိ In House အိမ်တွင်းအလှဆင်ပစ္စည်းဆိုင်က မှန်တွေ ပျက်စီးခဲ့ပေမယ် လူထိခိုက်မှုမရှိဘူးလို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ် 

" အုံးဆိုပြီး အသံကြားလို့ ထွက်ကြည့်တာ ၃၅လမ်း ၊  ၇၂လမ်း နဲ့  ၇၃လမ်းကြားမှာ ပေါက်ကွဲတယ်၊ စက္ကန့်ပိုင်းပဲ ခြားပြီး ၃၅လမ်း နဲ့ ၇၀လမ်းထောင့်အနီးမှာ ဗုံးပေါက်တာပါ၊ လမ်းလယ်ပန်းခုံမှာ ပေါက်ကွဲတာက လူထိခိုက်မှု မရှိသလို In House အနီး ပေါက်ကွဲတာကလဲ လူထိခိုက်မှု မရှိပါဘူး၊ '' လို့ မျက်မြင်တွေ့သူ မဟာမြိုင် ၁ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ် 

အခုပေါက်ကွဲခဲ့တဲ့ ဗုံး ၂ လုံးဟာ  လက်လုပ်ဗုံးတွေ ဖြစ်တယ်လို့ သိရပြီး ပေါက်ကွဲတဲ့နေရာမှာ လက်နက်ကိုင် လုံခြုံရေးတွေ လာရောက်စစ်ဆေးနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024