ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပြခံခဲ့တဲ့ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝတနဘဲဟီဒဲအိုဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။
ဂျပန်နိုင်ငံ ချိးဘားခရိုင် နာရီတာလေဆိပ်မှတဆင့် ဒီကနေ့ မေလ ၁၃ ရက်ဂျပန်စံတော်ချိန်ည ၁၁နာရီမှာ ထွက်ခွာလာမှာဖြစ်ပြီး မနက်ဖြန် မြန်မာနိုင်ငံကို ရောက်ရှိလာမှာဖြစ်ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
မစ္စတာ ဝတနဘဲဟာ စစ်အာဏာမသိမ်းခင် သီတင်းပတ်ကလည်း မြန်မာပြည်ကိုရောက်ရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကာ သူတို့နှစ်ဦးအကြား သားအဖသဖွယ် ရင်းနှီးခေါ်ဝေါ်ကြတယ်လို့လည်း သူနဲ့ နီးစပ်သူတွေကပြောကြပါတယ်။
မတ်လ ၃၀ ရက်နေ့ထုတ် Japan Myanmar Association ဂျပန်- မြန်မာအသင်းရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာပြင်ပသို့ပေါက်ကြားခဲ့ပြီး အဆိုပါအစီအရင်ခံစာမှာ စစ်ကောင်စီရဲ့ တဖက်သတ်ထုတ်ပြန်ချက်တွေကိုသာ ရှင်းလင်းဖော်ပြထားတဲ့အတွက် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ထောက်ခံကြောင်းပြသနေသလိုဖြစ်နေပြီး ဂျပန်ရောက် မြန်မာတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဂျပန်မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝတနဘဲဟီဒဲအိုကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ပြီးခဲ့တဲ့ ဧပြီလတုန်းက ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိဂျပန်အစိုးရ ဒုဝန်ကြီးချုပ် အာဆိုတာရိုက ဂျပန်-မြန်မာအသင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် တာဝန်ယူထားပြီး တခြားထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားကြီးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။