စစ်ကိုင်းမြို့အဝင် ဧရာဝတီတံတား(ရတနာပုံ) အဆင်း စစ်ဆေးရေးဂိတ်အနီး ဗုံးကွဲ

၂၀၂၀ နှစ်ကုန်ပိုင်း ကိုဗစ်ကာလ စစ်ဆေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ စစ်ကိုင်းမြို့ဝင်ဂိတ်

စစ်ကိုင်းမြို့အဝင် ဧရာဝတီတံတား(ရတနာပုံ) အဆင်း စစ်ဆေးရေးဂိတ်အနီးမှာ မေလ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီကျော်လောက်က လက်လုပ်ဗုံးပေါက်ကွဲခဲ့ပါတယ်။

အဆိုပါ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတာနဲ့ ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။

စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ အရင် ကိုဗစ်ကာလ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ပြီး အခုအခါ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ကား၊ ဆိုင်ကယ်တွေကို ရှောင်တခင် စစ်ဆေးနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up