ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ မေလ ၁၁ ရက် ဒီနေ့ ညပိုင်းက အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဒီည ၇ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးရုံးက ပေါက်ကွဲသံကို ကြားခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရဲနဲ့ စစ်တပ်က မိနစ်ပိုင်းမှာပဲ ရောက်ရှိလာပြီး စစ်ဆေးနေပါတယ်။
ဒီကနေ့ မြောင်းမြမြို့မှာ ပေါက်ကွဲခဲ့တဲ့ ဗုံးဟာ ဧရာဝတီတိုင်းမှာ ပထမဆုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး စတင်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။