Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
May 11, 2021
183078178_3040502286180938_1918665777949510267_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု ဆန်းကြွယ်ကျေးရွာ  အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ကို မေလ ၁၀ ရက် ည ၇ နာရီကျော်က သူ့ရဲ့နေအိမ်မှာ  အမည်မသိ လူသုံးယောက်က သေနတ်နဲ့ လာရောက် ပစ်သတ်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ဦးမြင့်မောင်ကို အမည်မသိလူသုံးယောက်က နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်နဲ့ လေးချက် ပစ်ခတ်သွားတာလို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ရရှိတဲ့သေနတ်ဒဏ်ရာကို ဆေးကုသမှုခံယူနိုင်ဖို့ ဦးမြင့်မောင်ကို  ပုဂ္ဂလိက ဆေးရုံသို့ ခေါ်ဆောင်လာစဉ် သေဆုံးသွားခဲ့တာလို့လည်း ကူညီလုပ်ဆောင်ပေးနေတဲ့ လူမှုကူညီရေး အသင်းတွေ ဆီက သိရပါတယ်။

ကြံ့ခိုင်ရေးပါတီထောက်ခံသူဖြစ်တဲ့ ဦးမြင့်မောင်ဟာ စစ်အာဏာသိမ်းမှုကို လိုလား ထောက်ခံသူဖြစ်ကာ အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေခဲ့ပြီး သတင်းပေး ဒလန်အဖြစ်  ရပ်ကွက်နေသူအများစုရဲ့ သတ်မှတ်ခံထားရသူလည်းဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ကလည်း ဆိပ်မူအုပ်စု မှော်ရှန်ကျေးရွာ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်န္ဒာလှိုင်ဟာ နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံရဖူးပါတယ်။ 

ဖားကန့်မြို့နယ်မှာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသတ်ခံရသူပေါင်းဟာ ၂၀၁၂ ခုနှစ်ကနေ ယနေ့အချိန်ထိ   ၁၀ ယောက် ထက်မနည်းရှိခဲ့ပါတယ် ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024