Home
မြန်မာသတင်း
Surkhua မြို့ရှိ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ တပ်စခန်းကို CDF သိမ်းပိုက်
DVB
·
May 8, 2021
183828749_114807380755249_2461047158519821354_n
183740953_114807240755263_882200668669430879_n
183738227_114807314088589_7189515575523426394_n
183347212_114807140755273_70480701510893100_n
182686738_114807117421942_4792934837603330600_n

ချင်းပြည်နယ်၊ Surkhua မြို့ရှိ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ တပ်စခန်းကို ဒီနေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်လောက်က သိမ်းပိုက်ခဲ့တယ်လို့ CDF-Hakha က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု ခြေကုတ်ယူထားတဲ့ နေအိမ် ၄ နဲ့အတူ စာရွက်စာတမ်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တွေလည်း သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) ကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေ၊ CDM ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေအား နည်းမျိုးစုံနဲ့ စစ်ဆေးမေးမြန်းတာ၊ နှောင့်ယှက် ဖမ်းဆီးတာ၊ သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ စစ်အာဏာရှင်စစ်ကောင်စီရန်မှ ကာကွယ်သွားဖို့ ချင်းပြည်နယ် (၉)မြို့နယ်နဲ့ ပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားတွေက ဧပြီ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024