ပုသိမ်ကြီးမြို့နယ် မြို့တော်ပန်းဈေး ပန်းသည်များကို ဆိုင်ခွန်ပေးရန် စည်ပင်က ခြိမ်းခြောက်

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ သန့်စင်ကုန်းကျေးရွာမှာရှိတဲ့ မြို့တော်ပန်းဈေးက ပန်းရောင်းချသူတွေအား လစဉ်ပေးသွင်းရမယ့် ဆိုင်ခွန်လခတွေပေးဖို့ မေ ၇ ရက်မှာ စည်ပင်ဝန်ထမ်းတွေ နှစ်ဦးက စစ်သားတွေခေါ်လာပြီး ခြိမ်းခြောက်တောင်းဆိုနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဆိုင်ခွန်လခတွေ မပေးသွင်းဖြစ်ကြတော့ပဲ  ဧပြီ ၂၉ ရက်ကစပြီး စည်ပင်ဝန်ထမ်းတွေက သေနတ်ကိုင် စစ်သား ဆယ်ဦးလောက်ကို ခေါ်လာကာ ဆိုင်ခွန်လခတွေ ပြန်လည်ပေးသွင်းကြဖို့ လာရောက် ခြိမ်းခြောက်ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၉ ရက်မှာ လာရောက်စဉ်ကတည်းက မပေးသွင်းရသေးတဲ့ ဆိုင်ခန်းခ ၄ လစာကို ရက်ပိုင်းအတွင်း နှစ်ကြိမ်ခွဲကာ အပြီးအပြတ် ပေးသွင်းကြဖို့ စည်ပင်ဝန်ထမ်းတွေက ခြိမ်းခြောက်တောင်းခံခဲ့တယ်လို့ သိရပါတယ်။

လတ်တလောအထိ မပေးသွင်းရသေးတဲ့ ဆိုင်ခွန်လခတွေကို မေ ၁၄ ရက် နောက်ဆုံးထား ပေးသွင်းကြဖို့ နဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ပါက သတ်မှတ်စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ အညီ အရေးယူမယ်လို့ သိရပါတယ်။

အဆိုပါ ပန်းဈေးမှာ ဆိုင်ခန်းပေါင်း ၁၂၀ ရှိပြီး ဆိုင်ခန်း ၈၀ ခန့် ရောင်းချနေကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ CJ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up