အခွန်ထမ်းပြည်သူတွေအနေနဲ့ အခွန်ဆောင်တာနောက်ကျရင် ဒဏ်ကြေးပေးဆောင်ရမယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက အသိပေးကြေညာလိုက်ပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာနက ပုံမှန်ကောက်ခံနေတဲ့ အခွန်အမျိုးအစားတွေဖြစ်တဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နဲ့ တံဆိပ်ခေါင်းခွန်စတဲ့အခွန်လေးမျိုးအတွက် သတ်မှတ်ရက်အတွင်းအခွန် မပေးသွင်းရင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ ဒဏ်ကြေးငွေပေးဆောင်ရမယ်လို့ စစ်ကောင်စီသိမ်းပိုက်ထားတဲ့ နိုင်ငံပိုင်သတင်းစာကနေ တစ်ဆင့် မေလ ၆ ရက်နေ့မှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ ကိုဗစ်ကာလအတွင်း အန်အယ်လ်ဒီ အစိုးရက သက်သာခွင့်ပေးခဲ့တဲ့ အခွန်အခတွေကို မေလဆန်းကစပြီး ပြန်လည်ကောက်ခံနေပါတယ်။
စစ်ကောင်စီကနည်းလမ်းမျိုးစုံနဲ့ပိုက်ဆံရဖို့ကြိုးစားနေတာဖြစ်ပြီး အခွန်ကောက်ခံတာတွေဟာ အခြေခံပြည်သူတွေအပေါ်အကျိုးသက်ရောက်မှုအများဆုံးဖြစ်လာမယ်လို့ စီးပွားလုပ်ငန်းရှင်တွေက ပြောပါတယ်။