မြစ်ကြီးနားမြို့ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့သပိတ် ၂ ကြိမ်ဖြိုခွင်းခံရ
DVB
·
May 2, 2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ မေလ ၂ ရက်နေ့က အထွေထွေ သပိတ်စစ်ကြောင်းကို စစ်အုပ်စုက နှစ်ကြိမ် ဖြိုခွင်းခဲ့ပေမဲ့ ဒေသခံပြည်သူတွေက ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ လာရောက်ဖြိုခွင်းမှုရှိခဲ့ပေမဲ့ ဖမ်းဆီးခံရသူတွေတော့ မရှိဘူးလို့ သိရပါတယ်။
Photo-CJ