မြစ်ကြီးနားတွင် “ပိုသူလှူ လိုသူယူ”အဖွဲ့ဝင် ၁၁ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
May 1, 2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံစျေးမှာ မေလ ၁ ရက် ဒီနေ့ မနက် ၇ နာရီလောက်က ဟင်းသီးဟင်းရွက်တွေ ပေးဝေနေတဲ့ ” ပိုသူလှူ လိုသူယူ”အစီအစဉ် ပြုလုပ်နေတဲ့ လူငယ် ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
တင့်ကား၊ စစ်ကား၊ ရဲကားတွေနဲ့ အင်အားအများအပြားသုံးကာ အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၆ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ကနဦးသတင်းအရ သိရပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က သူတို့ ပြန်လည်လွတ်မြောက်ရေး ညှိနှိုင်းပေးနေပါတယ်။
