CDM ရန်ပုံငွေအတွက် ပြင်သစ်တေးသံသွင်းက Milk Tea Alliance အယ်လ်ဘမ်ဖြန့်ချိမည်

ပြင်သစ်နိုင်ငံ နန်းတက်စ်မြို့က တေးသံသွင်းလုပ်ငန်း 44 Tours ဟာ မြန်မာနိုင်ငံအတွင်း ပြည်သူတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအတွက် ထောက်ပံ့ကြောင်း ပြဖို့ Milk Tea Alliance လို့ နာမည်ပေးထားတဲ့ တေးဂီတ အယ်လ်ဘမ်ကို မေလ ၁၄ ရက်မှာ ဖြန့်ချိမယ်လို့ RA သတင်းဌာနက သတင်းထုတ်ပါတယ်။ 

သီချင်း ၁၅ ပုဒ် ပါတဲ့ ဒီအယ်လ်ဘမ်ထဲမှာ techno ၊ jungle၊ trance၊  electro နဲ့ တခြား high-octane club သီချင်း အမျိုးအစားတွေ ပါပြီး ရလာတဲ့ ဝင်ငွေ အားလုံးကို CDM လှုပ်ရှားမှုအတွက် ရံပုံငွေ ထူထောင် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ 

ဒီသီချင်းအယ်လ်ဘမ်မှာ Berg Jaär ၊ The Aux၊ The Black Anther၊  Marino နဲ့  Kamen အပါအဝင် အနုပညာရှင်တွေပါဝင် သီဆိုထားပါတယ်။ 

အယ်လ်ဘမ် နာမည်ဟာ မြန်မာ၊ ထိုင်း၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့က ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေကို ရည်ညွှန်းထားတယ် သူတို့ကို ပံ့ပိုးခြင်း အားဖြင့် ကျနော်တို့ဟာ ဒီမိုကရေစီအပေါ် သင့်ရဲ့ ယုံကြည်မှုကို ဉာဏ်အလင်းဖွင့်ဖို့ ကြိုးစားတာပါလို့ 44 Tours က ရှင်းပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up