မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဧပြီ ၂၁ ရက်နေ့မနက်ပိုင်းက ဖောင်တော်ဦးဘုရားမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အာဏာသိမ်းစစ်အုပ်စုက မောင်းထုတ်လိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက မင်းတို့တွေထွက်တော့ ပြန်တော့ဆိုပြီး ဘုရားပေါ်ကနေ မောင်းထုတ်တာ”လို့ မြို့ခံပြည်သူ တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေကတော့ လက်ရှိ ခိုလှုံစရာ နေရာမရှိဖြစ်နေပြီး ရွာကိုပြန်ရင်လည်း တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဧပြီ ၁၂ ရက်နေ့ညက မိုးကုတ်မြို့နယ်ထဲက ကျေးရွာတချို့အနီးဝန်းကျင်မှာ ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားတွေကို စစ်တပ်က ရွာထဲကနေထွက်ဖို့ ပြောတာကြောင့် ရာနဲ့ ချီတဲ့ ရွာသားတွေ နေအိမ်စွန့်ပြီး မြို့ပေါ်ကို စစ်ရှောင်နေကြတာ ဖြစ်ပါတယ်။