Home
မြန်မာသတင်း
စားဝတ်နေရေးမပြေလည်သူတွေကို ဘာသာပေါင်းစုံ စုပေါင်းလှူဒါန်း
DVB
·
April 20, 2021
176379005_1362770627442087_1799845540803800345_n
176311911_1362770650775418_4431184145823423745_n
176101163_1362770694108747_8821402658790470213_n
176096466_1362770734108743_863681438134780943_n
175892287_1362770754108741_3507664444174094845_n
175557555_1362770657442084_4345288657374908071_n

မန္တလေးမြို့အတွင်း ကျူးကျော်ရပ်တွေမှာ နေထိုင်တဲ့ စားဝတ်နေရေးမပြေလည်သူတွေကို ဧပြီ ၂၀ ရက်နေ့က ဘာသာပေါင်းစုံ စုပေါင်းပြီး အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ကြပါတယ်။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာတော်တွေ၊ စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန် သီလရှင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေ စုပေါင်းလှူဒါန်းတာဖြစ်ပြီး အိမ်ထောင်စု ၃၀၀ ကို ဆန်၊ ဆီ၊ အာလူး ကြက်သွန် စတဲ့ အ​ခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တာပါ။

အရင်ကလည်း မန္တလေးမြို့ လေးပြင်လေးရပ် သံဃာတော်တွေ၊ စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန်သီလရှင်တွေ ပူးပေါင်းပြီး မီးဘေးသင့် အစ္စလာမ်ဘာသာဝင်တွေကို လှူဒါန်းတာတွေ လုပ်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024