မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၁၂ ရက်ညက အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနဲ့ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရသွားပါတယ်။
မိုးကုတ်မြို့အနီးက ချဲဘုရားတောင်အနီးတဝိုက်မှာ မနေ့ညကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရှော့တိုက်ဒုံးတွေပါသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးသံတွေကို မြို့ထဲက အိမ်တွေ အထိပါ တုန်တဲ့ အထိကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ ဗျူဟာကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ပန်းမထိပ်ရပ်ကွက်နားက လူနေခြံထဲကိုကျသွားခဲ့ပြီး မြေပျော့တာကြောင့် သက်သာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဧပြီလ ၁၃ ရက် ဒီနေ့မနက် ၆နာရီ အထိ လက်နက်ကြီးသံတွေ ကြားခဲ့ရတာ ဖြစ်ပါတယ်။