Home
မြန်မာသတင်း
ဆန္ဒပြသူများကိုနှိမ်နင်းရာတွင် တရုတ်လုပ်မောင်းသူမဲ့ဒရုန်းများ စစ်တပ်က အသုံးပြုခဲ့
DVB
·
April 12, 2021
164354381_369703494107810_5001981729996294948_n

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်ဆင်နှိမ်နင်းရာမှာ အထောက်အကူဖြစ်စေဖို့ တရုတ်နိုင်ငံလုပ်  မောင်းသူမဲ့ ဒရုန်းယာဉ်တွေကို အသုံးပြုခဲ့တယ်လို့ နိုင်ငံတကာ စစ်ရေးနဲ့ နည်းပညာသတင်းတွေကိုအသားပေးဖော်ပြတဲ့ Jane’s International Defence Review မဂ္ဂဇင်းမှာ ရေးပါတယ်။

မဂ္ဂဇင်းပါ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်မှာ  မတ်လတုန်းက မန္တလေးမှာ ခပ်နိမ့်နိမ့် ပျံခဲ့တဲ့ ဒရုန်းယာဉ်တွေရဲ့ ပုံတွေကို ကိုးကားဖော်ပြထားပြီး  ပုံတွေထဲမှာ မန္တလေး ဒေသခံတွေ မြင်နိုင်ကြားနိုင်တဲ့အထိ နိမ့်နိမ့် ပျံသန်းခဲ့တဲ့ ဒရုန်းယာဉ် ပုံစံ၂ မျိုးကို မြင်ရပါတယ်။

ဒရုန်းယာဉ် တခုက CH-3A အမျိုးအစား ဒရုန်းယာဉ် ဖြစ်ပြီး တရုတ်အစိုးရပိုင် ကာကွယ်ရေးလုပ်ငန်းဖြစ်တဲ့ တရုတ် အာကာသသိပ္ပံနဲ့ နည်းပညာ ကော်ပိုရေးရှင်း (CASC)က ထုတ်လုပ်တယ်လို့ဆိုပါတယ်။

ဒီဒရုန်းယာဉ်ဟာ ၂၀၁၃နဲ့ ၂၀၁၅ ခုနှစ်ကြားလောက်မှာ မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး မြန်မာလေတပ်က သုံးနေတယ်လို့ ယုံကြည်ရကြောင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာ လေတပ်စခန်းမှာ အခြေစိုက်တယ်လို့လည်း ရေးသားဖော်ပြပါတယ်။

CH-3A စစ်သုံးဒရုန်းယာဉ်တွေကို ကောင်းကင်ကနေ ကင်းထောက်တဲ့ ပုံရိပ်တွေ သတင်းအချက်အလက်တွေ စုဆောင်းရာမှာ သုံးလေ့ ရှိပြီး နိုင်ငံတဝန်းက တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကို စစ်ဆင်ရေးအတွင်း စစ်တပ်ရဲ့ စီမံကိန်းနဲ့ ဆုံးဖြတ်ချက် ချနိုင်ရေး အတွက် အထောက်အကူပြုတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024