Home
မြန်မာသတင်း
မင်းဘူး မန်းရေနံမြေတွင် မီးလောင်၊ ကျပ်သိန်း ၁၇၀ ဖိုးခန့်ဆုံးရှုံး
DVB
·
April 8, 2021
170436350_2560583747576404_1620584054314994528_n
170941310_2560583547576424_6381268861617783341_n
170545867_2560583604243085_7946420804058860344_n

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲက မန်းရေနံမြေ သန်ကန်တန်း(၁)မှာ ဧပြီ ၇ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ကျပ်ငွေ သိန်း ၁၇၀ ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့  ဒေသခံတွေဆီကနေသိရပါတယ်။

ဧပြီ ၇ ရက် ည ၈ နာရီကျော်ကနေ ၉ နာရီကျော်လောင်ထိ အချိန်တစ်နာရီခန့်ကြာ လောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့ အဲဒီမီးလောင်ကျွမ်းတဲ့နေရာကို မီးသတ်ကား ၇ စီး၊ ရဲကား ၄ စီး ၊ အချုပ်ကား ၁ စီးနဲ့ စစ်ကား ၃ စီးလောက် ဖြတ်သွားတာတွေ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

သန်ကန်တန်း(၁)မှာရှိတဲ့ အမှိုက်ကန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီးတော့ မီးလောင်တဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တာဝန်ရှိသူတွေက မန်းရေနံမြေ လုံခြုံရေးဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024