Home
မြန်မာသတင်း
မုံရွာတွင် နေအိမ် ၄ လုံးမီးလောင်
DVB
·
April 1, 2021
167127978_1570144103190579_8508674750006096717_n
165288870_1570144133190576_4629340705280686854_n

မုံရွာမြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦး ကျဆုံးခဲ့တဲ့ မြဝတီရပ်ကွက်၊ သီတာလမ်းအနီးက ဒေါင်းကျောင်းနောက်ကျောရှိ နေအိမ် ၄ လုံး ဒီကနေ့ မီးလောင်ခဲ့ပါတယ်။

မီးလောင်မှုဟာ အကြမ်းဖက်တပ်တွေရဲ့ ရှို့မီးကြောင့်လို့လည်း လူမှုကွန်ရက်စာမျက်နှာမှာ  ရေးသားနေကြပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသလို ဆုံးရှုံးမှုတန်ဖိုးကိုလည်း မသိရသေးပါဘူး။ 

ဒီနေ့ မုံရွာမြို့နေရာအတော်များများမှာ  စစ်ကောင်စီအကြမ်းဖက်တပ်တွေက တပ်ဖြန့်နေရာယူထားပြီး ဖြတ်သွားဖြတ်လာမှန်သမျှ စစ်ဆေးတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဒီကနေ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို  ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့တဲ့အပြင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024