၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မီးရှို့ဆန္ဒပြ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းပေါ်မှာ အာဏာရှင်စနစ် ပြုတ်ကျရေး တောင်းဆိုသူတွေက  ဧပြီ ၁ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မီးရှို့ဖျက်သိမ်းတဲ့ လှုပ်ရှားမှု လုပ်ခဲ့ပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ ဗကသ သပိတ်စစ်ကြောင်း၊ ဘုရားကြီးငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ ပညာရေးသပိတ်စစ်ကြောင်း၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ပြီး ထိုင်သပိတ် လုပ်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကျဆုံးရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြပြီး အန္တရာယ်ကင်းကင်း လူစုခွဲခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၃၁ ရက်မှာ ကြေညာထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up