Live
Home
မြန်မာသတင်း
လားရှိုးကျဆုံးသူများကို စစ်တပ်က ပစ်ခတ်ခြင်းမဟုတ်ကြောင်း ဝန်ခံခိုင်း
DVB
·
March 28, 2021

လားရှိုးမြို့ မတ် ၂၇ ရက်နေ့ ဆန္ဒပြသပိတ်မှာ ပစ်ခတ်ဖြိုခွင်းခံရပြီး ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေကို အကြမ်းစစ်တပ်က ပစ်တာ မဟုတ်ကြောင်း ဝန်ခံခိုင်းခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

"ဖြိုခွင်းမှုမှာ သေနတ်မှန်ပြီး ကျဆုံးခဲ့တဲ့ သူတွေကို စစ်အာဏာရူးတွေက သူတို့ ပစ်တာမဟုတ်ကြောင်း လက်မှတ်ထိုးပေးမှ ရင်ခွဲရုံကနေ အလောင်းထုတ်ပေးပါမယ် ပြောတယ်။" 

မတ်လ ၂၇ ရက်နေ့မနက်ပိုင်း ကျဆုံးသွားသူအချို့ကို နေ့ခင်း ၁၂ နာရီမှာ စျာပန အခမ်းအနား ပြုလုပ်ဖို့ စီစဥ်ထားပေမယ့် အလောင်းတွေကို ရင်ခွဲရုံ ပို့ဆောင်စေတာကြောင့် ညနေပိုင်း အချိန်ရွှေ့ပြောင်း သ​င်္ဂြိုဟ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ရပ်ကွက်နေပြည်သူတဦးက "အရပ်ဝတ်တွေဝတ်ပြီးတော့ ခွေးဘီလူး တစ်စီးရယ်၊ Alphat နဲ့  ရေခဲပုံးတွေထဲ မိန်းကလေးအလောင်းကိုထည့်သွားပါတယ်" လို့  ပြောပါတယ်။

လားရှိုးမြို့မှာ မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒဖော်ထုတ်နေသူတွေကို အကြမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့လို့ အနည်းဆုံး ၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို စစ်တပ်က သယ်ယူသွားကာ မည်သူ မည်ဝါမှန်းမသိ ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024