Homeမြန်မာသတင်း
ကံပေါက်တွင် စစ်အာဏာရှင်အား ဆက်လက်ဆန္ဒပြ၊ သိမ်းဆည်းဆိုင်ကယ် ၁၃၀ ကျော်ပြန်ပေးရန် တောင်းဆို
ကံပေါက်တွင် စစ်အာဏာရှင်အား ဆက်လက်ဆန္ဒပြ၊ သိမ်းဆည်းဆိုင်ကယ် ၁၃၀ ကျော်ပြန်ပေးရန် တောင်းဆို
DVB
·
March 21, 2021
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ပြည်သူတွေက စစ်အာဏာရှင် အလိုမရှိကြောင်း ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မတ် ၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက မတရားသိမ်းဆည်းသွားတဲ့ ဆန္ဒပြပြည်သူတွေရဲ့ ဆိုင်ကယ်အစီးရေ ၁၃၃ စီး ပြန်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။