
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ မြို့တွေမှာ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြမှုတွေကို ရဲနဲ့ စစ်တပ်က တားဆီးမှုတွေနဲ့ ဖြိုခွင်းနေတာကြောင့် ပြည်သူတွေဟာ ညဘက်မှာပါ နည်းမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြလာကြပါတယ်။
ကညွတ်ကွင်းမြို့မှာတော့ လူငယ်တွေ ဦးဆောင်ပြီး အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဂုဏ်ပြုခဲ့ကြသလို အာဏာသိမ်းစစ်ကောင်စီနဲ့ ကောင်စီရဲ့ လက်ပါးစေတွေကို ကျိန်စာတိုက်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
မတ် ၁၃ ရက်ညမှာတော့ မြို့နယ်အတွင်းက မြို့အားလုံးမှာ ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြပြီး ရိုးရာဓလေ့အရ နတ်နန်းတွေမှာလည်း ဆုတောင်းခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။