Home
မြန်မာသတင်း
အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ရိုက်နှက်မှုကြောင့် ဘူမိဗေဒကျောင်းသား ၁ ဦး သေဆုံး
DVB
·
March 11, 2021
159924949_756243501932810_1062876022897867678_n
159841883_756243471932813_3382180520013653784_n
159590856_756243525266141_6926662137473426447_n
159533741_756243571932803_4813028963000173178_n

မန္တလေး မြတောင်သပိတ်စစ်ကြောင်းကို စစ်အာဏာသိမ်း လုံခြုံရေးတပ်တွေက အကြမ်းဖက် နှစ်ဖက်ညှပ်ဝင်ရောက်ဖြိုခွင်းခဲ့ပြီး ရိုက်နှက်ဖမ်းဆီးသွားမှုကြောင့် ရတနာပုံတက္ကသိုလ်က ဘူမိဗေဒကျောင်းသား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၁၁ ခွဲလောက်က မန္တလေး ၂၉ လမ်းနဲ့ လမ်း ၃၀ နားမှာ မြတောင်သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် မောင်လင်းထက် သေဆုံးခဲ့ရတာဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မြတောင်သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“မောင်လင်းထက်ဟာ မြတောင်သပိတ်စစ်ကြောင်းမှာ သတ္တိရှိရှိနဲ့ စစ်အာ ဏာရှင်ကျဆုံးရေးသပိတ်တိုက်ပွဲမှာ ရှေ့တန်းကနေ အမြဲပါဝင်ခဲ့သလို အမြဲတက်ကြွနေတဲ့ ကျောင်းသားတဦးပါ။ အခုလို ဖြစ်လိမ့်မယ်လို့ လုံးဝထင်မထားဘူး၊ အရမ်းရက်စက်လွန်းတယ်။ ကျမတို့ကတော့ ဒီမြတောင်သပိတ်စစ်ကြောင်းနဲ့ ဆက်ပြီး စစ်အာဏာရှင်ကိုရအောင် တိုက်မှာမောင်လင်းထက်အတွက် ကျေကိုမကျေနပ်ဘူး၊ ဒင်းတို့ အကြွေးပြန်ဆပ်ရမယ်” လို့ ပြောပါတယ်။

အာဏာသိမ်းအစိုးရရဲ့ အကြမ်းဖက်ရိုက်နက်မူကြောင့် ကျဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် ဘူမိဗေဒကျောင်းသား မောင်လင်းထက်ဟာ မန္တလေး အောင်မြေသာစံမြို့နယ် မြောက်ပြင် (၉) လမ်း၊ ပန်းတော့ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပါတယ်။

မောင်လင်းထက် သေဆုံးသွားကြောင်း အာဏာသိမ်းစစ်ကောင်စီဘက်က မိဘတွေဆီ အကြောင်းကြားလာတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024