Home
မြန်မာသတင်း
ပုသိမ်ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းသဖြင့် ၂ ဦး ဒဏ်ရာရ၊ ဆန္ဒပြသူအချို့ ပိတ်မိနေ
DVB
·
March 10, 2021
157068461_1065648280586181_5036524661564512083_o

ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၁၀ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဒေသခံတွေနဲ့ ပြည်သူတွေ ကျောင်းသားတွေပူးပေါင်းပြီး နေရာ ၂ နေရာခွဲကာ ဆက်လက် ဆန္ဒပြခဲ့ကြတာပါ။

စကားဝါထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း လူစု ထွက်ချိန်မှာ စစ်တပ်နဲ့ ရဲက လာရောက်ပြီး သေနတ်ပစ်လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရဲနဲ့ စစ်တပ်က သပိတ်စစ်ကြောင်းကို သေနတ်ပစ်ခတ် လူစုခွဲခဲ့လို့ ဆန္ဒပြသူတွေ ထွက်ပြေးခဲ့ပေမယ့် ရပ်ကွက်ထဲမှာ စစ်ကားတွေ ရဲကားတွေနဲ့ လှည့်လည်နေတာမျိုးရှိလို့ ဆန္ဒပြသူတချို့ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့တဲ့ နောက်ရပ်ကွက် ရာမည ထဲမှာတော့ ပြော​က်ကျား စနစ်နဲ့ ဆန္ဒပြနေတဲ့အတွက် ရဲနဲ့ စစ်တပ်က လိုက်လံဖမ်းဆီးပေမယ့် ဖမ်းမိတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၂ ရက်မြောက်နေ့ရှိပြီလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၂ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၄ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024